ရခိုင်ပြည်နယ်

မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့်စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၊ အထကကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အထကကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးတာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က အထကကျောင်းခန်းမ၌ ပြုလုပ်ခဲ့​ကြကြောင်း သိရသည်။

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ ငွေစာရင်း ရှင်းတမ်း ရှင်းလင်းခြင်းနှင့် စာမူဖိတ်ခေါ်ရေး အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီဂ္ဂဇင်း ငွေစာရင်းရှင်းတမ်း ရှင်းလင်းခြင်းနှင့် စာမူဖိတ်ခေါ်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မေဃဝတီမဂ္ဂဇင်း ကော်မတီဝင် ၁၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ တက်ရောက်

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိများနှင့် ဇနီးများ အမ်းတပ်နယ်မှ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် မိသားစုဝင်များ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ယမန်နေ့ နံနက် ၇ နာရီ မိနစ်၃၀က သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre) ရှေ့၌ ကျင်းပပြု လုပ် သည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အမျိုးသား နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ နံနက် ၇ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)ရှေ့၌ ကျင်းပပြုလုပ်သည်။

ငပလီမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ် ကွက်များအတွင်း လူစည်ကားသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်း က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲ အခမ်းအနားကို သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မြေပုံမြို့၌ ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေးသင်တန်းဖွင့်လှစ်

မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်