ဘူးသီးတောင်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

ဘူးသီးတောင် ဧပြီ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္က သိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘူးသီတောင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (ခွဲ)အလက( ၂)၊ အ.ထ.က (ခွဲ)အလက( ၃)နှင့်၊ အ.ထ.က (လက်ဝဲဒက်ပုဇွန်ချောင်း) ကျောင်း၊ စုစုပေါင်း စာစစ်ဌာန(၅)ခုတို့၌   ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၁၁၆၇)ဦး၊ ကျောင်းသူ(၇၀၉)ဦးနှင့် စုစုပေါင်း (၁၈၇၆)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား(၂၁၃)ဦး၊ ကျောင်းသူ(၅၁)ဦး၊ စုစုပေါင်း(၂၆၄)ဦးရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  လူမှုရေးအသင်းများအပါအဝင် ကျောင်းအပြင်စည်း လုံခြုံရေးကော်မတီဝင်များက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံ ကြီးကြပ်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှု ရာခိုင်နှုန်း (၈၇.၆၆) ရှိပြီး ပျက်ကွက်မှု ရာခိုင်နှုန်း(၁၂.၃၄) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။လှကျော် ( ပြန်/ဆက်)