ဂွ ဧပြီ ၁
ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ် အတွက်တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍သက်ဆိုင်ရာစာစစ်ဌာန များတွင်ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်အား ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
ဂွမြို့နယ်တွင် အ.ထ.က(ဂွ)၊ အ.ထ.က(ဆပ်သွား)နှင့်အ.ထက(ကျိန္တလီ) စာစစ်ဌာန (၃)ခုတွင်
ကျောင်းတွင်းနှင့် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုခွင့်လျှောက် ထားသူ ကျောင်း သား/ ကျောင်းသူ(၇၇၀)ဦးရှိကြောင်းနှင့် ယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၆၉၀)ဦးရှိရာ ပျက်ကွက်သူ ကျောင်းသား/ ကျောင်းသူ(၈၀)ဦး ရှိကြောင်း၊ ဖြေဆိုရာခိုင်နှုန်း(၈၉.၆၁) ဖြစ်ကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။
ရွှေရည်ဝင်းကျော်