မာန်အောင် ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့မှ စတင်ပြီး ဧပြီလ ၉ရက် နေ့ထိ နံနက် ၉နာရီမှ ၁၂နာရီထိ တစ်ရက်လျှင်တစ်ဘာသာနှန်းဖြင့် ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၀ )ဦးမှ အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက မာန်အောင်၊ အထက(ခွဲ) စျေးတန်း၊ အထက(ခွဲ)ကျောက်တန်း၊ အထက ဇရပ်ကုန်းခင်၊အထက ကမား စသည့်စာစစ်ဌာန(၅)ခု သတ်မှတ်ထားပြီးစာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ(၁၂၆၃) ဦးရှိသည့်အနက် ဖြေဆိုသူ(၁၁၆၀)ဦး၊ ပျက်ကွက်(၁၀၃)ဦး ရှိရာဖြေဆိုမှု ရာနှုန်း (၉၁.၈၄)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းအောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)