အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းစတင် ဆောင်ရွက်

အမ်း  စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ‌နတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက် ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းအား နေပြည်တော်ဦးစီးရုံးချုပ် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်မေသက်ထွန်း ဦးဆောင်၍ ဝန်ထမ်း ၃ ဦးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကွန်ပျူတာကျွမ်း ကျင် ဝန်ထမ်း ၃ ဦး၊ အမ်းခရိုင်/မြို့နယ် ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၄)ကွက်အားစတင် ဆောင်ရွက်ကြောင်းသိရသည်။

အမ်းမြို့ပေါ်ရပ်ကွက် (၄)ကွက်အား သန်းခေါင်စာရင်းကောက် ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးပြီး အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း