မြောက်ဦး စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို မဟိန်ဂျီ (အ.မ.က) မူလွန်ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အသိပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နိုင်နိုင်ဌေးမှ "ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးများ၊ လူသားများ အသက်ရှုနိုင်ရန် သစ်ပင်သည် အရေးအကြီးဆုံးဖြစ် ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအ ကြောင်း၊ ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့် ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ အကြောင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြင့်စိုး (ပြန်/ဆက်)