ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV  အကြောင်း အသိပေး ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကိုယမန်နေ့၊ မွန်းလွဲ ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

မင်းပြားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre) ၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေး (HPV) ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်​ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စိန်ပန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ မောင်တောခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

စစ်တွေမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စစ်တွေမြို့ပေါ်ရှိ မြို့မဈေးကြီး၊ နာဇီဈေး၊ ရွှေပြားဈေး၊ မောလိပ်ရပ်ကွက် ဘကျော်ခွဆုံ၊ ရွာကြီးတောင်ရပ်ကွက်နှင့် ရွာကြီးမြောက် ရပ်ကွက်နေရာများတွင်စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ သည်။

အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်း အသိပညာပေးဆွေးနွေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိင်ပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့်စာပေ ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက်ရရှိစေရေး လူငယ်နှင့်စာပေ ခေါင်းစဉ် ဖြင့် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်