ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် အစားအသာက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့နေ့လယ်(၁၂)နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိအခြေခံပညာကျောင်းများ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ကျိန္တလီမြို့၌ အသက် (၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က (စံပြ)ကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)အထိကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine - HPV) ကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ရသေ့တောင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုစတင်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြုစတင်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဇော်လင်းဦး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းကလေးငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပွဲကျင်းပ

ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့နယ် အ.ထ.က ပေါက်တောကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က ပေါက်တောကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းသို့ သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဇော်လင်းဦး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု၊ ဂွမြို့နယ်တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ဂွမြို့နယ်တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်