သံတွဲခရိုင် ငပလီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ငပလီမြို့၊ အ.ထ.က (ခွဲ) လင်းသာကျောင်း၌ အ.ထ.က (ခွဲ)လင်းသာ၊ အ.လ.က(ခွဲ) မြပြင်ကျောင်းမှ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိသည်။