ရခိုင်ပြည်နယ်

မာန်အောင်မြို့နယ်တွင်e-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာ အချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းစတင် ဆောက်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား e-IDစနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အခြေပြု၍ စတင်ကောက်ယူလျက်ရှိသည်။

ကျောက်တော်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်ကစာ​​ရေးဆရာမ ခင်စောတင့်​ ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုစာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့်ယနေ့ နေ့လယ်ပိုင်းက ကွမ်းမြိုင်ကုန်းကျေးရွာနှင့် ဘဲအင်းကျေးရွာ ဒေသခံ ပြည်သူများအား စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း သဲတန်း (အရှေ့)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်းကျောင်း သဲတန်း (အရှေ့) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရိအချိန်က ကျင်းပပြုလုပ်သည်။

မအီမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မအားလပ်နိုင်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် လိုက်လံ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးများသို့ မအီမြို့ ရုံးဝန်ထမ်းများမှ သွားရောက်ငှားရမ်းပေးခဲ့သည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာဆင့်ပွား သင်တန်းပို့ချ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ ရပ်ကွက်၊ ကျေးရွာ၊ အ​ခြေခံပညာကျောင်းများနှင့် တပ်ရင်းတပ်မများရှိ စာကြည့်တိုက်များ စာကြည့်တိုက်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့လူ ထုအခြေပြုဗဟိုဌာ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာ​​ရေးဆရာ မခင်စောတင့်​ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို တောင်ရပ်ရပ်ကွက်ရှိ ဈေးရောင်းချသူပြည်သူများအား ယနေ့ နံနက် ၁၀ နာရီကအချိန်က အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယနေ့ နံနက်  ၉ နာရီ အချိန် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်