မာန်အောင်မြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

​မာန်အောင် စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့်ယနေ့ နေ့လယ်ပိုင်းက ကွမ်းမြိုင်ကုန်းကျေးရွာနှင့် ဘဲအင်းကျေးရွာ ဒေသခံ ပြည်သူများအား စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

 ထိုသို့ ရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ​ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင် မာန်အောင်မြို့နယ်​ စားသုံးဆီ အရောင်းကိုယ်စားလှယ် ဒေါ်မေမေအောင်နှင့် အဖွဲ့က ကွမ်းမြိုင်ကုန်းကျေးရွာနှင့် ဘဲအင်းကျေးရွာ ပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၁၀၀) ကျပ်နှုန်းဖြင့် ဆီ (၅၅၀) ပိဿာအား ကျေးရွာအရောက် လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)