မောင်တော အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် ၅ ဖွင့်ပွဲကို ယမန်နေ့ နံနက်၉ နာရီ အချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့်လုပ်ငန်းစဉ်များ အတွက် အထောက်အကူ ပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ သည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှု လုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှသင်တန်းမှ ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် နမူနာ လက် ရာများနှင့် သင်ထောက်ကူ ပစ္စည်းများအားလှည့်လည် ကြည့်ရှု အားပေးကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး မောင်တောမြို့မှ ၂၃ ဦး ၊ ဘူးသီးတောင်မြို့မှ ၇ ဦး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ ၃၀ ဦး တက်ရောက် သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ၊အောက်တိုဘာ ၂၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ၊မတ်လ ၂၂ ရက်နေ့ထိ ၂၂ ပတ်ကြာသင်ကြားပို့ချပေးမည် ဖြစ်သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)