ရမ်းဗြဲ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ ရွာကြီးကျေးရွာအုပ်စု၊ နားမူးတွေကျေးရွာ၌၊ ရမ်းဗြဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းက မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊ ထို့နောက် တောင်သူဦးင/မှိုင်း၏ စံပြလယ်ကွက်ဖြစ်သော ကွင်းအမှတ်(၇၁၂ )၊ ဦးပိုင်အမှတ်(၄၈/၂ )၊ ရိတ်သိမ်းဧက ဒသမ (၁၀) ဧကကို ရိတ်သိမ်းခဲ့ပြီး၊ အထွက်နှုန်းမှာ အစိုအထွက်နှုန်း(၁၁၀.၂၅)တင်းနှင့် အခြောက်အထွက်နှုန်း (၁၀၁.၄၃)တင်း ထွက်ရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်