မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေး

မာန်အောင် အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ် အောက်တိုဘာလအတွက် ပင်စင်လစာငွေများကို ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိ​သည်။

ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌  အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ (၇၅၈)ဦးရှိပြီး အဆိုပါ သတ်မှတ်ရက်များတွင် အကြောင်းအမျိုးမျိုးကြောင့်လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက နိုဝင်ဘာလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)