ရသေ့တောင်မြို့၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ရသေ့တောင်   အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် စစ်တွေရိုင် ရသေ့တောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦး‌ရွှေသာ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မိသာစုဝင်များအား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရသေ့တောင်မြို့၊ ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ပြုလုပ်ပြီးအသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။

နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ် ငန်းဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့‌ကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)