ကျောက်ဖြူ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန် ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကားလျှက်ရှိသည်။
ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော်တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒီသာအကျွေးအမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးများဆောက်လုပ်၍လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ လည်းကောင်း ရေပက်ခံထွက်သူများအား ရေပက်ကစားကာ အထူးစည်ကားလျက်ရှိသည်။
ကျောက်ဖြူမြို့တွင် မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၃၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ် ကွက်နေပြည်သူများမှာ ကားများ၊ ဆိုင်ကယ်များဖြင့်လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်း ပျော်ရွှင်စွာဖြင့်ရေကစားလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)