မော်လမြိုင်၊ နိုဝင်ဘာ ၂
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲကို Smoke Ball ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမား၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုပေါ်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အနာဂတ်ရဲ့ ရတနာလေးများဖြစ်ကြတဲ့ အခြေခံပညာ မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အင်္ဂလိပ်စာ ဘာသာစကား အရေးအသားနှင့် စကားပြောစွမ်းရည်၊ သင်္ချာဘာသာ တီထွင်နိုင်မှုနှင့် လေ့လာသင်ယူမှု စွမ်းရည်များ တိုးတက်ရန်လိုအပ်ကြောင်း၊ ကျောင်းသားများအနေဖြင့် ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြစေရန် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် (Grade 5) ကျောင်းသူ၊ ကျောင်းသား လေးများ၏ အင်္ဂလိပ်စာစွမ်းရည်ဝင်ရောက် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ကြီးချုပ်က ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဦးဉာဏ်လင်းထွေးက ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင် တန်းလိုက်ပြိုင်ပွဲ အကောင်းဆုံး ဂေါက်တီးရိုက် အားကစားသမားဆု ရရှိကြသူအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် အကောင်းဆုံး ဂေါက်တီးရိုက် အားကစားသမားဆု ရရှိကြသူများ အား လည်းကောင်း၊ ရိုက်ချက်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူကြသူများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)