သံဖြူဇရပ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ

သံဖြူဇရပ်    နိုဝင်ဘာ    ၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ဘုရင့်နောင်)ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် မြို့နယ်​ရွှေး​ကောက်ပွဲအရာရှိ ​ဒေါ်ဝင်းဝင်းမြတ်တို့က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်​ရေးနှင့်​ရွေး​ကောက်ပွဲဆိုင်ရာ စု​ဝေး​ဟော​ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များက သိရှိလိုသည်များကို​ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး​ပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)