သံဖြူဇရပ် နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့်ဆောင်းသီးနှံ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်မိုးလွင်က၂၀၂၅-၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံဖြစ်သည့် နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးဧရိယာများအားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတတ်မြင့်မားရေးအဖွဲ့ဝင်များမှ စီမံကိန်းသီးနှံများဖြစ်သည့် နွေစပါး( ၂၇၈ )ဧက၊ နှမ်း(၆၅)ဧက၊ နေကြာ(၁၇၆၀)ဧက၊ မတ်ပဲ(၁၅)ဧက နှင့် ပဲတီစိမ်း(၆၅)ဧက တို့အား ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ရပ်/ကျေး အုပ်စုအလိုက်စိုက်ပျိုးရမည့် စီမံကိန်းသီးနှံများအား တာဝန်ပေးအပ်ခဲ့ပြီး၊ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)