ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာ သဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါ ကာကွယ်ရေးသိကောင်းစရာများကို လည်းကောင်း၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများနှင့် ခွေးရူးရောဂါ ကူးစက်ခံရမှု အန္တရာယ်ရှိသောသူများကိုလည်းကောင်း၊ ခွေးရူးရောဂါခံစားနေရသည့် ခွေးများကို ခွဲခြားနိုင်သည့် အချက်များကိုလည်းကောင်း၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊ လူတွင်ခွေးကိုက်ခံရပါက  ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးရမည့် အခြေအနေများကိုလည်းကောင်း၊ ခွေးရူးရောဂါနှင့် ပတ်သတ်၍ သတိပြုလိုက်နာရမည့် အချက်များကိုဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)