သံဖြူဇရပ် အောက်တိုဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်သည်။
ထိုသို့ပြုပြင်ပေးခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်သော ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်အစီအစဥ်ဖြင့် ဦးထွန်းထွန်းအောင်ဦးဆောင်သော ဝန်ထမ်းများမှ သံဖြူဇရပ်မြို့နယ်ခြေတုလက်တုလိုအပ်သူ(၃၉)ဦးနှင့် ဝှီးချဲလိုအပ်သူ(၅)ဦးတို့အား ပြန်လည်ပြုပြင်ပေးအပ်ခဲ့ပြီး နယ်လှည့်ခြေတုလက်တုပြုပြင်ရေး အစီအစဉ်သည် နှစ်စဥ်နှစ်တိုင်း သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအစီအစဥ်များကိုမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတို့တွင် အခမဲ့ပြုပြင်မှုများကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်လှည့်တာဝန်ခံဦးထွန်းထွန်းအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)