သံဖြူဇရပ် အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအားဇွန် (၂၈)ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ထိ (၇၀၈၅)ဦး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းကောက်ယူရာတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)