မွန်ပြည်နယ်

ကျိုက်ထိုမြို့ အ.မ.က(ဖက္ကလိပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာရှိ အ.မ.က(ဖက္ကလိပ်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရော၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။

ကျိုက်မရောမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Snack & Bakery) သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်တွင် အသေးစားစက်မှူလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍  ဘေးဒဏ်သင့် ပြည်သူများအတွက်  စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(Snack & Bakery)သင်တန်း ဒုတိယအကြိမ်ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက်ရှိ မေသရဖူသင်တန်းကျောင်းခန်းမ၌  ကျင်းပသည်။

ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း မြေသားများ ပြိုကျမှုဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင် (၄)ဖာလုံ၊ ရသေ့တောင်နှင့် စခန်းလေးကြား ကားလမ်း၏ ယာဘက်အခြမ်း ချောက်ဘက်တွင် ယနေ့နံနက် (၁၁)နာရီ (၅၀) မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အကျယ် (၃၅)ပေခန့် မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ​ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ကဒက်ချောင်းရေလျှံမှုဖြစ်သဖြင့် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာ (၆)ရက် နေ့လယ်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားကာ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ ၀င်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်

ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက်‌ ယနေ့တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်ခဲ့ရသည်။

ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၆)နှင့်(၁၀၇)ကြား တစ်နေရာလျှင် အရှည်(၅၀၀)ပေခန့်ရှိ နေရာသုံးနေရာတို့တွင် ရေ(၆)လက်မခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မိုးစပါး ဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးစပါးဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် (၁၀) နာရီက မုတ္တမကျေးရွာ မဂ္ဂဒူးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်