(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

မုဒုံ   အောက်တိုဘာ ၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ​ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွက်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဂျုံးဂျုံးဂျတောရကျောင်း ဆရာတော် ဉုကိတ္တိဝဏ္ဏထံမှ တက်ရောက်လာကြသော ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၆၀)ကျောင်းမှ သံဃာ (၂၁၈၅)ပါး၊ သီလရှင်ကျောင်း (၁၂)ကျောင်းမှ သီလရှင် (၄၁၂) ပါး စုစုပေါင်း ကျောင်းပေါင်း (၇၂) ကျောင်းမှ သံဃာ/သီလရှင် ( ၂၅၉၇ )ပါးတို့သည် မြို့မ (၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်မှ စတင်ထွက်ခွာခဲ့ရာ မြို့နယ်အတွင်းရှိ မြို့မ (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်များသို့ ကြွရောက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုဒုံတပ်ရင်း/တပ်ဖွဲ့မှ တပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်နေ ဒေသခံပြည်သူများတို့က ဆွမ်းဆန်စိမ်း၊ ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများအား စုပေါင်းလောင်းလှူခဲ့ကြသည်။

မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဥ်ကျင်းပမြဲဖြစ်ပြီး လောင်းလှူပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

သားငယ် (ပြန်/ဆက်)