ကျိုက်မရော အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်တွင် အသေးစားစက်မှူလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(Snack & Bakery)သင်တန်း ဒုတိယအကြိမ်ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက်ရှိ မေသရဖူသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အိကလျာနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက သင်တန်းအချောထည်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူများထံ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် သင်တန်းတွင် လုပ်ငန်းထူထောင်လိုသူ သင်တန်းဆင်း (၅)ဦးအား ရွေးချယ်၍ ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းသူများ စုပေါင်းပြုလုပ်ထားသည့် နို့ပေါက်ပေါက်၊ စာကလေးခွေ၊ အာလူးကြော်၊ ငှက်ပြောကြော် စသည့် ပစ္စည်းများအား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)