ကျိုက်မရော၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်

ကျိုက်မရော အောက်တိုဘာ ၉

မွန်ပြည်နယ်  ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။

နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်ရာ၌ မြို့နယ်ရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရေးအတွက် ကျောင်းစာကြိုးစားသလို ပြင်ပစာပေများကိုလည်း ကြိုးစားဖတ်ရူသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ကို ပညာပေးဟောပြောပြီး အမှတ် (၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က စာပေဗဟုသုရရှိစေရန် လာရောက်ပြသပေး၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး သိကောင်းစရာများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးပြခန်းနှင့် လူကုန်ကူးမူတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို  ကြည့်ရူလေ့လာခဲ့ကြကြောင်း  သိရသည်။

ကျိုက်မရော (ပြန်/ဆက်)