မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် (၈၆)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၄)ရပ်ကွက်ရှိ ဂျုံးဂျုံးဂျတောရပရိယတ္တိစာသင်တိုက်၌ (၈၆)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အလှူငွေများလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများလှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ နွေစပါးသီးနှံအား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာအုပ်စု၊ တောင်သူဦးဟန်ဝင်းအောင် လယ်မြေ၌ ကျင်းပပြုလုပ်သည့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ နွေစပါးသီးနှံအား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၃)ရပ်ကွက် ဗိုလ်ဗထူးလမ်းတွင် ဆောက်လုပ်မည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေနေရာအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ရှိ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွှဲ (၁)နာရီက ခြံစု(အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်းဖြစ်ပေါ်စေရေးအတွက် အိုးအိမ်များအား ပြင်ဆင်မွမ်းမံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ပိန်းနဲကုန်းကျေးရွာနှင့် ကလိုင်းကနိုင်ကျေးရွာတို့ရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလတွင် လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာရှိ အိမ်ရှင် ဦးနိုင်ဦး၏ နေအိမ်အားစတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင်” ၂၀၃၀ တွင် ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တွင်ခွေးရူးရောဂါ ကာကွယ် စောင့်ရှောက်ရေးစီမံချက်အရ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က (ကျိုက်မရော) ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်