မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြသ

မွန်ပြည်နယ်၊ ကျိုက်မရော မြိုနယ်တွင်  ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းရွာသစ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (၂)ကျောင်းအနီးရှိ လူနေအိမ်များ၌ ဆောင်ရွက်သည်။

ကျိုက်မရောမြို့ အ.ထ.ကခွဲ ကျွန်းရွာသစ်၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အ.ထ.က ကျွန်းရွာသစ်ခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနား တက်ရောက်

ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုအား ကြည်ရှုအားပေး

နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ဌားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း၌ ရောင်းချ‌ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့သည်။

မော်လမြိုင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဟိန်း‌ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သာယာအေးရပ်ကွက်ရှိ နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ဝက်မွေးမြူရေးခြံနှင့် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ တည်ဆောင်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ​မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းကျေးရွာ ကွင်းအမှတ် (၅၈၅ က/ နတ်စမ်းရွာကွင်း) ဦးပိုင်အမှတ် N – (၅၀)၊ ဧက (၄ ဒဿမ ၇၅) ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင် ဒေါ်ခင်ခင်ဦးတို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ Gestation pen (ကိုယ်ဝန်ဆောင်ဝက်မ ထားသည့်ရုံ)-Farrowing pen (သားဖွားခန်း) ရုံတို့၌ ဝက်မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့အနီး လေဆိပ်အသစ်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (၁) ခုနှင့် လေယာဉ်ကွင်းအသစ် (၁) ခုတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းအသစ်(၁)ခုနှင့် ဆိပ်ကမ်းအသစ် (၁) ခု တည်ဆောက်နိုင်ရေးအတွက်ဆောင်ရွက် လျက်ရှိရာစီမံကိန်းမြေစုစုပေါင်းဧရိယာ (၄၆၉၅.၅၈) ဧကကျယ်ဝန်းပြီးစီမံကိန်းတွင် အသုံးပြုမည့်လယ်ယာမြေနှင့် အခြားမြေများအတွက် လျော်ကြေး/နစ်နာကြေးများ ပေးလျော်ထားပြီဖြစ်ကြောင်း၊ လေယာဉ်ကွင်းစီမံကိန်းတွင် အသုံးပြုမည့်မြေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အသုံးပြုခွင့် အမြန်ရရှိရေးအတွက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ပတ်သက်ပြီး လျော်ကြေးပေးချေခြင်း၊ မြေယာပိုင်ဆိုင်မှုဆောင်ရွက်ခြင်းများအတွက် မြေယာလုပ်ထုံးလုပ်နည်း များနှင့်အညီ အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာဌာနများနှင့်အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြား ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
Subscribe to မွန်ပြည်နယ်