မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ဝက်မွေးမြူရေးခြံနှင့် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ တည်ဆောင်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဖေဖော်ဝါရီ ၃

ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ​မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းကျေးရွာ ကွင်းအမှတ် (၅၈၅ က/ နတ်စမ်းရွာကွင်း) ဦးပိုင်အမှတ် N – (၅၀)၊ ဧက (၄ ဒဿမ ၇၅) ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင် ဒေါ်ခင်ခင်ဦးတို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ Gestation pen (ကိုယ်ဝန်ဆောင်ဝက်မ ထားသည့်ရုံ)-Farrowing pen (သားဖွားခန်း) ရုံတို့၌ ဝက်မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်မွေးမြူရေးအဆောင်အတွင်းရှိ Gestation pen (ဇီးဝက်မထားသည့်အခန်း) တွင် ဝက်မ (၁၈၇) ကောင်၊ ဝက်သိုး ခန်းတွင် ဝက်သိုး (၇) ကောင်ထားရှိမှု၊ Farrowing pen (သားဖွားခန်း) တွင် ဇီးဝက်မ (၄၁) ကောင် ထားရှိမှု၊ ဝက်မ (၁) ကောင်သားပေါက်- (၁၆) ကောင် မွေးမြူအောင်မြင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊ သဘာဝမြေသြဇာရရှိ စေရေးအတွက်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးစွန့်ခြင်းများကို စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရေး၊ မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင်မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ တည်ဆောက်လျက်ရှိသော တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ ရောက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းကုမ္မဏီ တာဝန်ရှိသူများမှ လေးထပ်မျှော်စင်တည်ဆောင်နေမှု၊ မြေပေါ်ရေစုကန်တည်ဆောင်ပြီးစီးမှု၊ Main Entrance Gate Door Side Entrance Gate DoorSecurity Gate တည်ဆောင်နေမှုတို့အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်နှင့် အခြားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာများကို တစ်နေရာတည်း၌ အများပြည်သူဝင်ရောက်လေ့လာနိုင်ရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ဘဏ္ဏာရေးရေးနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှားကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)