မော်လမြိုင် ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဟိန်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သာယာအေးရပ်ကွက်ရှိ နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက ရပ်ကွက်နေပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ အိမ်တိုင်း အရေးပေါ်မီးသတ်ဆေးဘူးထားရှိရန် စည်းရုံးတိုက်တွန်းခြင်းနှင့် နေအိမ်များအတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေး စိတ်ချမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)