ကျိုက်မရောမြို့ အ.ထ.ကခွဲ ကျွန်းရွာသစ်၌ လူငယ်စကားဝိုင်း ကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အ.ထ.က ကျွန်းရွာသစ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြာပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှ ဦးစီးအရာရှိ ဦးကိုကိုဝင်းက လူငယ်နှင့်ကျန်းမာရေးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိက ဆောင်ရွက်ပြီး  အ.ထ.ကခွဲ ကျွန်းရွာသစ်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်  စာဖတ်ခြင်း၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး  တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ  တာဝန် ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ် စာစောင်နှင့် နံရံကပ်ပိုစတာများကို ပြသပေးခဲ့ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)