မုဒုံ ဖေဖော်ဝါရီ ၅
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (၂)ကျောင်းအနီးရှိ လူနေအိမ်များ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ နေအိမ်များတွင် မီးများစနစ်တကျသုံးစွဲမှု ရှိ/မရှိ စစ်ဆေး၍ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို နေအိမ်(၇၅)အိမ်တွင် အသိပညာပေးရှင်းလင်းပြောကြားသည်။
မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလှည့်ကျ တစ်အိမ်တက်ဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးသတ်ယာဥ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)