မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးခြင်းအတွက် သွင်းအားစုများပေးအပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ (၁၁) ရွာရှိတောင်သူများအား သွင်းအားစုပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

သထုံမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်‌များဖြစ်လာစေရေးအတွက် ဓမ္မအလင်းတန်း ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် နွေစပါးနှင့် အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ယူရီးယား ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ​ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝဓာတ်မြေသြဇာများကို ယနေ့နံနက် (၈) နာရီက စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ ဧပြီလ၌ ဆောင်ရွက်မည့် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၄ ခုနှစ်၊ ဧပြီလ၌ဆောင်ရွက်မည့် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။

မော်လမြိုင်မြို့၌ ပန်ဥယျာဉ် ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲ ကျင်းပ

မြန်မာ့ယဉ်ကျေးမှု၏ အနုပညာလက်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးအဖွဲ့မှ ကျင်းပသော ပန်ဥယျာဉ်ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဘိုကုန်းရပ်၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာရှင်များ၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကာတွန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ ခရိုင်အခြေခံစာတက်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်သည်။

မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ချောင်းဆုံမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် (MSME) ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းများကို သိရှိစေရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ကျိုက်မရော၌ အာဟာရပြည့် ပိန်းဥပင်များ စီးပွားဖြစ်စိုက်ပျိုးလာကြပြီးစျေးကောင်းရရန် မျှော်လင့်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာကွင်း၌ လယ်မြေလွတ်များတွင် သီးနှံမျိုးစုံအားတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် အာဟာရပြည့်ပိန်းဥများကို မြေအောက်ရေသွင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်းစိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်