မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

မုဒုံ     မတ်     ၂၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

မုဒုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူဦးရေ ၂၉၆၇ ဦး ရှိကြောင်း၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကျန်းမာရေးဆေးကုသပေးခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  အားဖြည့်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)