ချောင်းဆုံ မတ် ၂၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်က အဆိုပါကျောင်းခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ (၁၀၀) ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာမများနှင့် ကျောင်းသား/သူရင်သွေးငယ်လေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ချောင်းဆုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှာ ၂၀၂၃ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)