ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို မတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အခြေခံပညာအရည်အသွေးတိုးတက်ရန်အတွက် ဆရာ၊ ဆရာမများ၏သင် ကြားမှုအရည်အသွေးတိုးတက်မြင့်မားခြင်းသည် အရေးကြီးသောအခန်းကဏ္ဍ တွင်ပါဝင်မှုရှိသည့်အတွက် (လုပ်ငန်းခွင်ဝင်စ) မူလတန်းဆင့်သင် ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးသစ်၏ သင်ရိုးအကြောင်းအရာများ၊ ဘာသာရပ်များ၏ သွင်ပြင်လက္ခဏာများ၊ သင်ကြားသင်ယူမှုနည်းစနစ်များနှင့် စစ်ဆေးအကဲဖြတ်ခြင်းများကို ထိရောက်အောင်မြင်ပြီး အဆင်ပြေချော‌မွေ့စွာ အဆင့်ဆင့်လက်ဆင့်ကမ်းပို့ချ ဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမ (၃၂၈) ဦး တက်ရောက်ပြီး ကြီးကြပ်ရေးမှူးအဖြစ် ခရိုင်ပညာ‌ရေးမှူးရုံး မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးနှင့် မြို့နယ်လက်ထောက်ပညာရေးမှူး ဒေါ်ယုယုမွန် တို့ကကြီးကြပ်၍ နည်းပြ (၂၂) ဦးတို့ ကမူလတန်း ဆင့်သင်စွမ်းရည်မြင့်မားရေး ဆိုင်ရာဘာသာရပ်များအား (၄) ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်‌ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းမောင်