ကျိုက်မရောမြို့နယ်တွင် ဂန္ဓမာပန်းများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ
ကျိုက်မရောမြို့နယ် အောင်သုခရပ်ကွက်၌ ဂန္ဓမာပန်းများ စီးပွားဖြစ်စိုက်ပျိုးသူများ ပန်းများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရနေသဖြင့် ပန်းစိုက်ပျိုးသူ တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိရာ ခြံဝင်းကျယ်မြေကွက်လပ်ရှိသူများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူ ဦးသူရထံမှ သိရသည်။