မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ်ကျင်းပပြုလုပ်သည့် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်မလေးများ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်နှင့်အမျိုး၊ ဘာသာ၊သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ် ကျင်းပပြုလုပ်သည့် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားလေးများ၏ (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲ ဝင်ရောက်ဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။