မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာ၌ ရက် (၁ဝဝ) စီမံချက်ဖြင့် နွေစပါးရိတ်သိမ်းနေမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဧပြီ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာရှိ အိပ်မက်သစ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် နွေစပါး (၇၀) ဧက ရိတ်သိမ်းမှုအား မြို့နယ်ဦးစီးအရာရှိနှင့် အဖွဲ့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သမဝါယမအသင်း၏ အသင်းသားတောင်သူများမှ နွေစပါးအဖြစ် GW-11 နှင့် YSR စပါးမျိုးများ စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် အထွက်နှုန်း (၁၀ဝ) တင်းထွက်ရှိကြောင်းနှင့် လာမည့်မိုးစပါးသီးနှံကိုလည်း ရက် (၁၀၀) စီမံချက်အနေဖြင့် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)