မွန်ပြည်နယ်

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်၊ သမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြေခံသမဝါယမ အသင်း (၃) သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်(အ.မ.က) စွယ်‌တော်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများအား နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မိုးနိုင်းရပ်ကွက် အခြေခံပညာမူလတန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား နွားနို့အာဟာရများ တိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဥ် (၁) သင်တန်းဆင်းပွဲတက်ရောက်

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ၊ သင်တန်းဆင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိစစ်သည်များ၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို အမက ဘူတာကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို) အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို) အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ (၂၅) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စသည့် ဦးတည်ချက်(၄)ရပ်ဖြင့် နိုင်ငံတော်မှ ဦးဆောင်ကျင်းပနေခြင်းဖြစ်ကြောင်း၊ ယခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း မွန်​ပြည်နယ်မှဇာတ်တော်ကြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရကြောင်း၊ ယခုနှစ်တွင် ဘာသာရပ်အစုံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှု ဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် တာဝန်ပေးအပ်ဖွဲ့စည်းထားသော ကော်မတီများမှလည်း ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပြင် လိုအပ်ချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်း အကြံပြုဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်​ကြောင်း၊ ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ပထမဆုရရှိသူများအား လျာထားရွေးချယ်လေ့ကျင့်၍ ဗဟိုအဆင့်တွင် အောင်မြင်စွာ ယှဉ်ပြိုင်၍ ဆုတံဆိပ်များစွာရရှိရေးအတွက် တာဝန်ရှိသူများမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များအား အစွမ်းကုန်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

၂ဝ၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့၌ ကျား/မရေးရာနှင့်ပတ်သက်၍ အသိပညာပေး သင်တန်းဖွင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျား/မရေးရာ Gender/CEDAW/ NSPAW နှင့်ပတ်သက်၍ အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သါ )ခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့၌ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရတောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်းအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်