ပေါင် ဇွန် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို အမက ဘူတာကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစားအသောက်များကို စနစ်တကျ စားသောက်ကြရန်၊ ငရုတ်ဆီနှင့် ခေါက်ဆွဲခြောက်များအပြင်၊ အသင့်စားအသားလုံးကြော်များ၊ ဆိုးဆေးပါသော အစားအစာများ၊ အွန်လိုင်းပေါ်တွင် ရောင်းချနေသော အသားဖြူလိမ်းဆေးများ၊ ပိန်ဆေးများသုံးစွဲပါက ကုန်ညွှန်းအမှတ်အသားပါ/မပါ စီစစ်ခြင်း၊ ကားစီးရာတွင် လည်းသတ်မှတ်ထားသည်ထက်ပို၍ တိုးမြှင့်ကောက်ခံခြင်းကို စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူဦးစီးဌာနမှ တာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ပြီး အမက ဘူတာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)