ပေါင် ဇွန် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မိုးနိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား နွားနို့အာဟာရများ တိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ရဲအောင်နှင့် တာဝန်ရှိသူတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများစသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းသား ကျောင်းသူများ အာဟာရပြည့်ဝစေရေးအတွက် နွားနို့နှင့်ကြက်ဥတို့ကို လိုက်လံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)