မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မော်လမြိုင်  ဇွန် ၂၈

၂ဝ၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်  မော်လမြိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ရှေးဦးစွာ လူထုအသိပညာပေး ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာပန်ပွားအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူ ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” အသိပညာပေး လက်ကမ်းစာစောင်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)