မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်တွင် အသက် (၂)လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်  မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကြာအင်းရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသော ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်၊ ပြည်နယ်သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပန်းရန်သင်တန်းနှင့် ဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပန်းရန်သင်တန်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက သစ်တိုကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့ မူလွန်(ကော့စံနိုင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ မူလွန်ကော့စံနိုင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် လက်တွေ့စိုက်ပျိုးပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့၊  နေ့လယ်ပိုင်းတွင် ကော့ထင်းကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသော”ဘဝတန်ဖိုးအမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

မုဒုံမြို့၌ လက်ရက်ကန်း ခြောက်လသင်တန်း ဒုတိယအကြိမ်စတင်ဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်