သံဖြူဇရပ်မြို့နယ်တွင် အသက် (၂)လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

သံဖြူဇရပ် ဇူလိုင် ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသက် (၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံတိုက်ကျွေးပေးလျက်ရှိ​ပြီး အဆိုပါကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကလေးငယ်စုစုပေါင်း ၂၂၇ ဦး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်  (ပြန်/ဆက်)