မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သက်သာသောဈေးနှုန်းများဖြင့် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်ရေးအထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံဆီတင်သွင်းကာ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။