ဘီးလင်း သြဂုတ် ၆
မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဘီးလင်းမြို့နယ်အတွင် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်ခံခဲ့ရသော ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာနှင်းက တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိရစ္ဆာန်အစာနုအိတ်များကို ထောက်ပံ့ပေးအပ်ရာ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူအသီးသီးတို့က တိရစ္ဆာန်အစာနု အိတ် ၂၀၀ အား မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂ ရွာရှိ တိရစ္ဆာန်မွေးမြူသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)