မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်စည်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ မိုးခရမ်းအဖြူသီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေရနေ

ကျိုက်မရောမြို့နယ်၊ အောင်သုခရပ်ကွက်ရှိ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကျောင်းပြူကြရာ ယခုနှစ်မိုးရာသီ၌ ခရမ်းသီးအဖြူသီးအပုမျိုးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ၌ မိုးကောင်းသဖြင့် အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရရှိ၍ မိသားစုအပိုဝင်ငွေရ၍ အဆင်ပြေလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် အောင်သာယာရပ်ကွက်နှင့် ဝယ်သွန်ချောင်ကျေးရွာရှိ ဆင်းရဲနွမ်းပါးသူများအားဆန်နှင့်ငွေများပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ဆင်းရဲနွမ်းပါးသူများအား ဆန်နှင့် ငွေများပေးအပ်လှူဒါန်းခြင်းများကို ယနေ့နံနက်ပိုင်းက ဝယ်သွန်ချောင်ကျေးရွာနှင့် အောင်သာယာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး  ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေလုပ်သားပြည်သူများက ဆေးရုံအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ၊ အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ(၇)ရက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက်ဧက (၂၇၀၄၆) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးနေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ အချိန်မီမိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မေလ(၂၀)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဩဂုတ်လ(၈)ရက်နေ့အထိ ကျေးရွာအုပ်စု (၄၁)စုရှိ တောင်သူ (၃၉၁၈)ဦး၏ စိုက်ဧက (၂၇၀၄၆)ဧကအတွက် ချေးငွေစုစုပေါင်းငွေကျပ်သိန်းပေါင်း (၄၀၅၆၉)သိန်းကျပ်ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ အားကစားဝါသနာရှင်များက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဘီးလင်းမြို့၊ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီက ဆရာစံရပ်ကွက် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့အ.ထ.က(ရွှေဥဩ)၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်