သံဖြူဇရပ်မြို့နယ်တွင် အောင်သာယာရပ်ကွက်နှင့် ဝယ်သွန်ချောင်ကျေးရွာရှိ ဆင်းရဲနွမ်းပါးသူများအားဆန်နှင့်ငွေများပေးအပ်လှူဒါန်း

သံဖြူဇရပ် သြဂုတ် ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ဆင်းရဲနွမ်းပါးသူများအား ဆန်နှင့် ငွေများပေးအပ်လှူဒါန်းခြင်းများကို ယနေ့နံနက်ပိုင်းက ဝယ်သွန်ချောင်ကျေးရွာနှင့် အောင်သာယာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်လှူဒါန်းခြင်းကို အောင်သာယာရပ်ကွက်နေ ဦးရဲဝင်းမိသားစုက ဆင်းရဲနွမ်းပါးသော လူတစ်ဦးလျင် ဆန်တစ်ပြည်နှုန်းနှင့်ငွေကျပ် ၂၀၀၀ ကို လူဦးရေ(၂၅၀၀)ဦးလှူဒါန်းပေးပြီး၊ ဝယ်သွန်ချောင်ကျေးရွာနေ ဒေါ်မာမာဦးမိသားစုက လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီတစ်ဘူး၊ ဆား၊ ဆေးနှင့် ငွေကျပ် (၁၀၀၀၀)စီဖြင့် လူ ဦးရေ (၁၀၀)ဦးအား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)