မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

မုဒုံ သြဂုတ် ၁၀

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ကျောင်းသား/သူများကပညာရည်ထူးချွန် လူရည်မွန်သီးချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေးဆိုသည့် ပညာရေးဆိုင်ရာ တစ်မျိုးသားလုံး ပညာရေးမျှော်မှန်းချက်ကိုချမှတ်၍ ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ ပညာနှင့်ပတ်သတ်၍ အတွေးအခေါ်အယူအဆ လမ်းမှားမရောက်ရန်နှင့် အမှန်ကိုကြား၊ အမှန်ကိုမြင်၊ အမှန်ကိုသိကြရန် အရေးကြီးလှပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဘဝတွင် တပည့်ကောင်းများဖြစ်ရန် ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြရမည့်သူများဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားဖြင့် နေထိုင်တတ်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန်၊ လူရည်မွန်များ၊ ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဥ္စဂံဖြစ်သည့် မိဘ၊ ဆရာ၊ ကျောင်းသား၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မုဒုံမြို့မှ ()ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၆၃)ဦးနှင့် အောင်ချက်အကောင်းဆုံးကျောင်း (၁၂)ကျောင်းအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများမှ တိုင်းရင်းသားမွန်အကအလှများဘက်စုံပညာရည် ဒို့လှမ်းချီ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍ ပြည်နယ်အစိုးအရအဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)