မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌  ဒေသခံပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများဖြန့်ဖြူးပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအတွက် စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က အောင်သုခရပ်ကွက်၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးလှုပ်ရှားမှုတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့ (အောင်မြေရွှေဘုံ) အခြေခံပညာမူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ (အောင်မြေရွှေဘုံ) အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဩဂုတ်လ (၁၅) ရက်နေ့က ကွမ်သဲကျေးရွာ (အ.ထ.က) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက ၊အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် မြို့နယ်အခြေခံပညာဦးစီးဌာနမှ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မုရစ်ကလေး (အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

မုဒုံ၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)၌ ပြုလုပ်သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက္ခမီမြို့ အ.လ.က (သီရိမြိုင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီ အ.လ.က (သီရိမြိုင်) ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံးသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်